Bürgerlicher Name
Field School of Archaeology
Über meine Bibliothek
ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်) စာကြည့်တိုက်သည် ယဉ်ကျေးမှုနှင့် သတင်းအချက်အလက်ဆိုင်ရာများအတွက် အရင်းအမြစ်တစ်ခုဖြစ်ပြီး စာကြည့်တိုက်တွင် ရှေးဟောင်းသုတေသနဆိုင်ရာစာအုပ်များ၊ သုတရသစာပေများ၊ ဂျာနယ် များ၊ သတင်းစာများ၊ ဘွဲ့ယူကျမ်းများ၊ မဂ္ဂဇင်းများ၊ စာတမ်းငယ်များ၊ အစီရင်ခံစာများ၊ အင်္ဂလိပ်စာအုပ်များ၊ လက်ကမ်းစာစောင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များ ဖတ်ကြားတင်သွင်းသည့်စာတမ်းများ၊ ပညာရှင်များလှူဒါန်းထားသည့်စာအုပ်များ စသည် တို့ကို အထူးပြုစုဆောင်းထားရှိပါသည်။ စာကြည့်တိုက်တွင် မြန်မာစာအုပ် ( ၄၈၀၅ )အုပ်၊ အင်္ဂလိပ်စာအုပ် ( ၁၉၉၃ )အုပ်၊ မြန်မာမဂ္ဂဇင်း( ၄၅၂ )အုပ်၊ အင်္ဂလိပ်မဂ္ဂဇင်း ( ၁၂၃ )အုပ်၊ ဂျာနယ် ( ၃၅၉ )အုပ်၊ သတင်းစာ ( ၅၁၅၃ )စောင်၊ ဘွဲ့ယူကျမ်း ( ၃၉၁ )အုပ်၊ အရာရှိမွမ်းမံစာတမ်းများ ( ၈၅ )အုပ်၊ စာတမ်းငယ်များ ( ၁၄၆ )အုပ်၊ အစီရင်ခံစာ ( ၁၀၄၇ )အုပ်၊ လက်ကမ်းစာစောင် ( ၁၁၇ )စောင်နှင့် အထူးစာစု ( ၁၄၉၄ )အုပ်နှင့် VCDခွေ ( ၅၉ )ခု စုစုပေါင်း ( ၁၆၂၂၄ )တို့ကို (၂၀၂၀)ခုနှစ် မေလအထိ စုဆောင်းထားရှိပါသည်။
Ort
Pyay, Myanmar
Homepage
https://fsa.neolms.com